..စမ်းသပ်ခြင်းဖြစ်နေလို့ သီးခံအကြံပေးကျပါခင်ဗျာ ချမ်းမြေ့ပါစေ


လာရောက်လည်ပတ်သူအားလုံးကိုဗေဒါအိုင်တီနည်းပညာစမ်းသပ် ခြင်းမှထူးကျေးဇူးတင်ရှိပါတယ်ခင် ဗျာ



glitter-graphics.com

Sunday, February 3, 2013

SIM CARD DATA DOCTOR RECOVERY နဲ့ ကိုယ်ဖုန်းကဒ်ရဲ့ အချက်အလက်ကို ပြန်ရှာရအောင်




ကဲ... ဒါကတော့ Sim Card Data doctor Recovery 3.0 ပါ။ ကိုယ်ဖုန်းဆင်ကဒ် က အချက်အလက်တွေကို ပြန်ရှာလိုရပါတယ်။ ကိုယ်ရဲ့ messages အဝင် အထွက်၊ phone book numbers နဲ့ နာမည်တွေ ကိုယ်ဖျက်ထားတဲ့ အချက်အလက်တွေ စတာတွေ ကို ပြန်ရှာလိုရပါတယ်။ ကျွန်တော်လည်း ဟိုတစ်လောက ဖုန်းဆင်ကဒ် လော့ဒ် (Locked) ဖြစ်သွား လို့ ဒီကောင်လေးနဲ့ပြန် ပြန်ပြီး ရှာလိုက်ရပါတယ်။ ဘော်ဒါတွေလည်း တစ်နေ့ ကြုံလာရင် သုံးလိုရအောင် တင်ပေးလိုက်ပါတယ်။ ထုံးစံအတိုင် လိုင်စင်ပါ ထည့်ထားပေးပါတယ်။ 442.42KB ပဲရှိပါတယ်။ 1.MB တောင် မပြည့်ပါဘူး။ အလိုရှိသူများ အောက်က လင့်မှာ downloads ယူလိုက်ပါ။  

Sunday, January 6, 2013

MyanBrowser (မြန်မာ browser အသစ် လေး ပါ)







မြန်မာ browser အသစ် လေး ပါ ။မြန်မာ ဖောင့် ထည့် ထား ဖို့ မလို ပါ ဘူး ။



MyanBrowser

DESCRIPTION

To download and support me,, NO ADS on premium version.You can download from following link:
https://play.google.com/store/apps/details?id=org.kmtech.premium
(Just only $0.99)  

Wednesday, November 28, 2012

အမေရိကန် ဖုန်းတစ်လုံး အခမဲ့ယူနည်း (အ၀င်သီးသန့်)

ကျော်ဇင်ဟိန်း နိုဝင်ဘာလ 15, 2012 3:29pmတွင်ကျော်ဇင်ဟိန်း မှတင်ပြခဲ့ပါသည် စာပို့မယ် View Blog စာဖတ်သူမှာ ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ်ဆိုရင်တော့ အမေရိကန် ဖုန်းတစ်လုံး အခမဲ့ပိုင်ဆိုင်နိုင်ပါပြီ။ စာဖတ်သူ အတွက် ကိုယ်ပိုင်သီးသန့် အမေရိကန်ဖုန်းနံပါတ်တစ်ခုကို အခမဲ့ ရရှိမှာပါ။ တကမ္ဘာလုံးကနေ ကိုယ့်ဆီကို ဖုန်းခေါ်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းက ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာမှာ ဖုန်းမြည်သံ ထွက်လာပါလိမ့်မယ်။ နားကျပ်လေးနဲ့ ပြောရုံပါပဲ။ ဘယ်လိုလုပ်ရမလည်းဆိုတာ မရေးသေးခင် သဘောတရားကို အရင်ရှင်းပြပါရေစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ SoftPhone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် Expre ကိုယ့်ကွန်ပျူတာမှာ SIP Softphone တင်ပြီးသွားရင် SIP account တစ်ခုကို အခမဲ့ ရယူနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းဆီမှာလည်း SIP SoftPhone ရှိမယ်၊ SI SIP Phone တွေက အားနည်းချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ခေါ်ဆိုတဲ့အခါ username နဲ့သာ ခေါ်ဆိုခွင့် ရတာပါ။ အဲဒီလို username အစား ဖုန်းနံပါတ်တစ်ခု Free ပေးတဲ့ Service ကလည်း အွန်လိုင်းပေါ်မှာ ရှိနေပါပြီ။ တစ်နည်းအားဖြင့် username နဲ့ ဖုန်းနံပါတ်ကို တွဲပေးလိုက်တာပါပဲ။ နောက်ဆုံးတော့ ကိုယ့်အတွက် အမေရိကန် ဖုန်းနံပါတ်ရသွားမှာ ဖြစ်ပြီး အဲဒီဖုန်းနံပါတ်ကို တစ်ယောက်ယောက်က ခေါ်ဆိုလိုက်ရင် ကိုယ့်ကွန်ပျူတာမှာတင်ထားတဲ့ SIP SoftPhone က Alarm ပေးပါလိမ့်မယ်။ နားကျပ်လေးနဲ့ ဖုန်းပြောရုံပါပဲ။ ကဲ..စလိုက်ရအောင်။ ၁။www.callcentric.comကိုသွားပြီး Sign Up လုပ်ပါ။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ ကိုယ့် email ဆီကို Verification mail ပို့ပေးပါလိမ့်မယ်။ အဲဒီ verification mail မှာပါတဲ့ link ကို နှိပ်ပေးပါ။ သူက အချက်အလက်တွေ ထပ်တောင်းပါလိမ့်မယ်။ City, Zip code စသည်ဖြင့်ပါ။ U.S မှာရှိတဲ့ မြို့၊ State၊ Zip code စတာတွေကိုပဲ ထည့်ပေးပါ။ အားလုံးပြီးသွားရင်တော့ ကိုယ့်မှာ callcentric account တစ်ခု ရသွားပါလိမ့်မယ်။ Register လုပ်တုန်းက ပေးခဲ့တဲ့ username နဲ့ call centric က ထုတ်ပေးတဲ့ call centric number၊ call centric မှာ ဖော်ပြထားတဲ့ ကိုယ့်ရဲ့ IP တွေကို သေချာ မှတ်ထားပါဦး။ ၂။ နောက်တစ်ဆင့်အနေနဲ့ phone.ipkall.com ကိုသွားပါ။ Register လုပ်လိုက်ပါ။ SIP username နဲ့ password မှာ အစောက callcentric မှာ ပေးခဲ့တဲ့ username နဲ့ password ကိုပဲ ထည့်ပေးပါ။ email မှာလည်း call centric က အတိုင်း ထည့်ပေးပါ။ hostname မှာတော့ callcentric.com လို့ ထည့်ပေးပါ။ ၃။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ IPKall ကနေ အီးမေးတစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ အီးမေးလ်ထဲမှာ Your IPKall phone number is ဆိုပြီး ပါပါလိမ့်မယ်။ အဲဒီဖုန်းနံပါတ်ဟာ အမေရိကန် ၀ါရှင်တန်ဒီစီ ဖုန်းနံပါတ်ဖြစ်ပါတယ်။ အဲဒီနံပါတ်ဟာ စာဖတ်သူအတွက် ကိုယ်ပိုင်သီးသန့် နံပါတ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဖုန်းနံပါတ်ကို သူငယ်ချင်းဆီ ပေးလို့ရပါပြီ။ ၄။ နောက်တစ်ဆင့်ကတော့ SIP SoftPhone ကို ကွန်ပျူတာမှာ ထည့်သွင်းဖို့ပါပဲ။ www.nch.com.au ကနေ Express Talk ကို download ဆွဲပြီး ကွန်ပျူတာမှာ install လုပ်လိုက်ပါ။ ၅။ ExpressTalk ကို ဖွင့်လိုက်တဲ့အချိန်မှာ Wizard တစ်ခု ပေါ်လာပါလိမ့်မယ်။ Next တွေသာ နှိပ်သွားပါ။ SIP Setup ဆိုတဲ့ နေရာ ရောက်ရင်တော့ Yes, I already have a SIP account ကို ရွေးပြီး Next နှိပ်ပါ။ SIP Proxy မှာ in.callcentric.com ဆိုပြီး ထည့်ပါ။ SIP Number မှာ callcentric က ထုတ်ပေးထားတဲ့ number ကို ထည့်ပေးပါ။ password မှာလည်း callcentric တုန်းက ပေးခဲ့တဲ့ password ကိုပဲ ထည့်ပေးပါ။ ပြီးရင် OK နှိပ်လိုက်ပါ၆။ ExpressTalk က Server နဲ့ ချိတ်ဆတ်တာကို ခေတ္တစောင့်ပါ။ ပြီးဆုံးရင်တော့ ကိုယ့်ဖုန်းဟာ အ၀င် call လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီဗျာ

Tuesday, November 27, 2012

Sony Ericson မှာ မြန်မာဖောင့်ထဲ့မယ်ဗျို့

Sony Ericson မှာ မြန်မာဖောင့်ထဲ့မယ်ဗျို့

iPhone/iTouch မှာတွေပဲ မြန်မာစာထဲ့တဲ့အကြောင်းပြောရတဲ့ အီလာပီ၊.. ဒီတစ်ခါ.......
ညကြီးမိုးချုပ် ဘာလုပ်ရမလဲဆိုတော့... အင်း...အင်း....... အဲ...
မမေးနဲ့တော့လေ.. topic မှာ ပြောထားတဲ့အတိုင်းပဲ SE (sony ericson) ဖုန်းမှာ မြန်မာဖောင့်ထဲ့ထားတာလေးကို တင်ပြချင်လို့ပေါ့ဗျ.. ဟီးဟီ

Samsung Galaxy Ace S-5830 ကို ROOT လုပ်နည်း




ကျွန်တော် နောက်ပိုင်း ဖုန်းတွေကို Root လုပ်နည်းနဲ့ Version မြှင့်နည်းလေးတွေ အားတဲ့အချိန်တိုင်း ရေးပေးသွားပါမယ်။ ခုတော့ ကျွန်တော် Samsung Galaxy Ace ကိုင်တဲ့သူတွေအတွက် Root လုပ်နည်းလေး ရေးပေးသွားပါမယ်။ ခုတော့ကျွန်တော် Root လုပ်နည်းနဲ့ ဘာကြောင့် Root လုပ်ရတာလဲဆိုတာကို ရေးပေးသွားပါမယ်။

 Samsung Galaxy Ace S-5830 ကို Root လုပ်နည်း  

Friday, November 23, 2012

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်

<p style="text-shadow:4px 4px 8px Yellow;">




Forward email ထဲက တခုပါ။ သင့်လက်ကိုင်ဖုန်းက အသက်ကယ်ပစ္စည်း သို့မဟုတ် ရှင်သန်ရုန်းကန်နိုင်ဖွယ်ရာ အရေးပေါ်အထောက်အကူပစ္စည်း ဖြစ်နိုင်ပါသတဲ့။


(၁) အရေးပေါ် အတွက်

 



keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..


(၂) ကားထဲမှာ သော့တွေကျန်ခဲ့လား


သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။


(၃) ဖွက်ထားတဲ့ အပိုဘက္ထရီ


သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။


(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။


သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။


လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ</p> 

Nokia ဖုန်းကနေ messages တွေ video နဲ့ အသံ တွေ Free ပို့မယ်




nokia ဖုန်းလို့ပြောပေမယ့်    iPhone, BlackBerry, , Android, Windows Phone


တွေမှာလည်းအသုံးပြုလို့ရပါတယ်  သူက အင်တာနက် သုံးရတဲ့ ဖုန်းတွေမှာအသုံးပြုလို့ရပါတယ်

မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ Nokia ရိုးရိုးဖုန်းဖြစ်တဲ့ Java ဖုန်းတွေမှာတောင်အသုံးပြုလို့ရပါတယ်  ကျွန်တော် Java ဖုန်းကနေစမ်းကြည့်တာအဆင်ပြေပါတယ်  messages တွေ video နဲ့ အသံ တွေ ပို့မယ်ဆိုရင်
whatsapp ရှိရပါမယ် ပြီးတော့ ဖုန်းနံပတ်လည်းရှိရပါမယ် အဲဒါဆို ပို့လို့ရပါပြီ
တကယ်လို့ ကိုယ်ပို့ချင်တဲ့ တစ်ဖက်ဖုန်းမှာရှိဘူးဆိုရင် အင်ဗိုက် လုပ်လို့ရပါတယ်
အသေးစိတ်ကိုတော့  http://www.whatsapp.com/ မှာလည်းလေ့လာနိုင်ပါတယ်
ယူမယ်ဆိုရင် http://www.whatsapp.com/ မှာရယူနိုင်ပါတယ်
Nokia Java အတွက်လည်းရတယ်နော် သုံးမယ်ဆိုရင်
လိပ်စာကိုမှတ်ထားပြီး ဖုန်းထဲကနေဒေါင်းနိုင်ပါတယ်
ကျွန်တော်ဆိုဒ်ကိုလည်းလာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်
Related Posts Plugin for WordPress, Blogger...